ထိုင်းဘတ် ၁.၃ သန်းပါဝင်တဲ့ ပိုက်ဆံအိတ်ကို ပိုင်ရှင်ထံပြန်ပေးခဲ့တဲ့ဈေးသည်


အသက် ၂၉ နှစ်ရှိသူ ဆူမာရီ ဆရီယမ်ဆိုသူ အမျိုးသမီးဟာ ထိုင်းနိုင်ငံ ပတ္တယားမြို့ရှိ ဘာလီဟိုင်ပါ ဖယ်ရီဆိပ်နားတွင် ကြက်သားခေါက်ဆွဲများကို ရောင်းချ အသက်မွေးနေရတဲ့ လမ်းဘေးဈေးသည်တစ်ယောက်ဖြစ်ပေမဲ့ စိတ်ထားကတော့ အမြင့်ဆုံးမှာရှိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
ဈေးရောင်းရတဲ့ ဘ၀ဟာခက်ခဲလှပြီး ပိုက်ဆံအများကြီးကို ကောက်ရခဲ့တာဟာ သူမအတွက် အံ့ဩဖွယ်ရာတစ်ရပ် ဖြ စ်နို င်ပါတယ်။ဧပြီလ ၂၇ ရက်နေ့မှာ သူမ ဆိုင်ကယ်မောင်းနေရင်း ဘေလီဟိုင်ပါ ဆိပ်ကမ်းဆိပ်အနားမှာ ပိုက်ဆံအိတ်တစ် လုံးကို ကောက်ရခဲ့ပြီး ပိုက်ဆံအိတ်ထဲမှာ ထိုင်းဘတ် ၁.၃ သန်း (မြန်မာငွေ သိန်း ၅၁၀ )တန်ကြေးရှိတဲ့ ပိုက်ဆံနဲ့ ချက် လက်မှတ်တွေကို တွေ့ရှိခဲ့ပါတယ်။
ထိုင်းဘတ် ၁.၃ သန်းဆိုတဲ့ ပမာဏ ဟာသူမရဲ့ ဘ၀ကို ပြောင်းလဲသွားစေနိုင်တဲ့ ငွေကြေးဖြစ်ပေမဲ့ ရိုးသားလှတဲ့ ဈေးသ ည်ဟာ သူမရဲ့ ကိုယ်ကျင့်တရားကို ထိုင်းဘတ် ၁.၃ သန်းနဲ့ မလဲလှယ်ခဲ့ပါဘူး။
” ကျွန်မ ပိုက်ဆံ ပျောက်သွားတဲ့ သူကို ကိုယ်ချင်းစာပါတယ်။ကျွန်မ တခြားသူတွေရဲ့ ပစ္စည်းကို မလိုချင်ပါဘူး ။ သူတို့ လည်း သူတို့ရဲ့ ပိုက်ဆံကို ပြန်လိုချင်မှာပါ ” လို့ပြောဆိုခဲ့ပါတယ်။
ပိုက်ဆံအိတ်ပိုင်ရှင်ဖြစ်သူ ၀တ်တီခွန်ဟာ ထိုအချိန်မှာဆေးရုံရောက်နေခဲ့တဲ့အတွက်ရဲစခန်းကို လာရောက်မယူနိုင်ခဲ့ဘဲ အစ်ကိုဖြစ်သူ သန၀တ် ကပိုက်ဆံအိတ်ကို ကိုယ်စားလာယူခဲ့ပါတယ်။ရိုးသားစွာပိုင်ရှင်ကို အပ်နှံခဲ့တဲ့ ဆူမာရီ ကိုလည်း သူမရဲ့ရိုးသားမှုအတွက် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့တယ် လို့သိရပြီး ငွေကြေးပမာဏကိုတော့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။
Ref : Viral For Real
Shwemom မှကူးယူဖော်ပြသည်
Powered by Blogger.