"အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်သွားပါမယ်" ဆိုတဲ့ ထက်ထက်မိုးဦး

"ပန် ပန် ပန် ပန်" ဆိုတဲ့ ကြော်ငြာလေးနဲ့ မြန်မာပြည်ရဲ့ လူကြီး လူငယ် ပရိသတ် အားလုံးရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူလေးကတော့ အကယ်ဒမီ ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ အနုပညာလောကနဲ့ ကာလအတော်ကြာ ကင်းကွာနေခဲ့သူတစ်ဦးဖြစ်ပြီး ယခုချိန်မှာတော့ အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လို့နေပါပြီ။


သူမဟာ အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ ခန္ဓာကိုယ်ထိန်းသိမ်းမှုနဲ့ ပတ်သတ်ပြီး ထွေထွေထူးထူးလုပ်ခဲ့တာ မရှိသလို အစားအသောက်လည်း ကြိုက်တာစားခဲ့တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေ သူမကို ပြန်လည်မြင်တွေ့ခဲ့ရချိန်မှာ ယခင်ကနဲ့မတူ ဝနေတာကိုတွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခုတစ်ခါ ပရိသတ်တွေ အံ့သြသွားရပြန်ပါပြီ။ ဘာ့ကြောင့်လည်း ဆိုတော့ အချိန်တိုအတွင်း ဝိတ်ချပြီး အရင်လို ပြန်လှနေတဲ့ ထက်ထက်ကို ကြေငြာတွေမှာ ပြန်တွေ့နေရတဲ့ အတွက်ပါပဲ။ ဒါ့ကြောင့် ထက်ထက် ဝိတ်ဘယ်လို ချခဲ့သလည်း ဘာတွေလုပ်ခဲ့သလည်း ဆိုတာနဲ့ ပတ်သတ်ပြီး…………


"လှချင်တယ် လှချင်လို့ ထမင်းလျော့စားတာပေါ့။ ခါတိုင်းဆို ထမင်းတွေအများကြီးစားတယ်။ အခုဆို ထမင်းစားချင်ရင် တစ်ပန်းကန်ကုန်မယ်ဆို တစ်ဝက်ကို စိတ်ကိုဖြေထားပြီးတော့မှ ဟင်းရည်ကို များများသောက်တယ်။ ရုပ်ရှင်ကားကြီးတွေလည်း ပြန်ရိုက်မှာပါ။ ဇာတ်လမ်းလေးတွေကို ထက်နဲ့လိုက်မယ့်ဇာတ်လမ်းတွေရွေးပြီး ဂျေးများနေတာပါ။ အခုတော့ ထက်ကြေငြာတွေတော့ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်" လို့ သူမက ဆိုပါတယ်။


Source: Myanmar Celebrity
Go Goe
Powered by Blogger.