၁၀၀တန္ေတြကို ဦးေနဝင္း ဘာေၾကာင့္သိမ္းခဲ့ရသလဲ
နံနက္ ၁၁း၁၅ ျမန္မာ့အသံမွ အေရးေပၚေၾကညာခ်က္ထြက္ေပၚလာတယ္။ သတင္း ေၾကညာသူက ဦးေက်ာ္စိုးဦး၊ သတင္းကို ယူလာေပးသူက ျပန္ၾကားေရးဝန္ႀကီး၊ သတင္းက ခ်ိတ္ပိတ္စာအိပ္၊ စာအိပ္ေပးသူက လမ္းစဥ္ပါတီဥကၠဌႀကီး သမၼတႀကီး ဦးေနဝင္း၊ ၾကားျဖတ္အေရးေပၚ ေၾကညာခ်က္ျဖစ္၍ တနိုင္ငံလံုး နားစြင့္ေနၾကတယ္။ TV ကလည္း တိုက္ရိုက္ ထုတ္လႊင့္ေနတယ္္။ သတင္းေၾကညာဖို႔ စာအိတ္ေဖာက္လိုက္ၿပီးခ်ိန္မွာ သတင္းေၾကညာသူဟာ လက္ေတြ တုန္ေနတယ္။ အသံကလည္း တုန္ရီအက္ကြဲေနတယ္။
အားလံုးၾကားလိုက္ရတာကေတာ့
“၁၀၀ က်ပ္တန္ ေငြစကၠဴမ်ားကို တရားဝင္ေငြေၾကးအျဖစ္မွ ယခုအခ်ိန္မွ စတင္၍ ရပ္ဆိုင္းလိုက္ပါေၾကာင္း”
တနိုင္ငံလံုး ဟင္၊ ဟာ၊ ကြၽတ္၊ ေတာက္ အသံေတြ မိုးမႊန္ လ်ွံထြက္လာတယ္။
တခ်ိဳ႕ေတြက ငို၊ တခ်ိဳ႕ေတြက အရူးတပိုင္းျဖစ္၊ တခ်ိဳ႕ေတြ နွလံုးရပ္ၿပီး ေသၾက။ အစိုးရေငြေၾကး လက္ထဲမွာ ထားမိတဲ့ အရာရိွႀကီးငယ္ေတြလည္း ထိုင္မရ၊ထမရ နဲ႔ေပါ့။
ဒီေလာက္ ျပည္သူေတြ ထိခိုက္နစ္နာနိုင္မယ့္အေရးကို ဘာေၾကာင့္ ေဆာင္႐ြက္လိုက္ရေၾကာင္းကိုေတာ့ သိသူနည္းသလို သိေအာင္လည္း မလုပ္ခဲ့ၾကပါဘူး။ ဒီအခ်ိန္အထိ ဒီအခ်က္ကို အညိႈးတႀကီးထားၿပီး တိုက္ခိုက္စရာ အာခီးလီး ဖေနာင့္ေၾကာ အျဖစ္မွတ္ယူေနၾကဆဲ။
သိသူေတြ ေသလို႔ ၾကားသူေတြ ရွားလာခ်ိန္ ျဖစ္လာၿပီ။ သမိုင္းအမွားေတြနဲ႔ က်ဳပ္တို႔ လူငယ္ေတြ ခရီးဆက္ေနၾကလို႔ မရေတာ့။ သမိုင္းအမွားေတြက အျမင္အမွားေတြ ေမြးေပးေနၿပီး အသိအမွားေတြနဲ႔ ခရီးဆက္ၾကရင္ ျမန္မာရာဇဝင္ အရိုင္းေတြ ထပ္တိုးေပေတာ့မည္။ ဒါေၾကာင့္ သိမီသူေတြ ရွာေဖြေမးျမန္းရင္း ကြက္လပ္ျဖည့္ အမွားကို ျပင္ဆင္လိုက္ပါသည္။
၁၉၈၅ ခုနွစ္ ျမန္မာ့စီးပြားေရးသည္ ဆုတ္ယုတ္ေနၿပီ။ လက္ရိွတခါးပိတ္စီးပြားေရးစနစ္နဲ႔ သြားလို႔ မရမွန္း သိခဲ့ၿပီး စီးပြားေရးစနစ္ေျပာင္းလဲေရးအတြက္ စီစဥ္ေဆာင္႐ြက္ ခဲ့ၾကတယ္။
ဒီအခ်ိန္မွာ ျမန္မာတပ္မေတာ္အတြက္ အသံုးစာရိတ္ေတြကိုလည္း ေလ်ာ့ခ်ခဲ့ရတယ္။ ဒါေပမယ့္ စစ္ဆင္ေရးကေတာ့ ေလ်ာ့မသြားခဲ့ဘူး။ တပ္ရိကၡာေတာင္ ပံုမွန္ မေထာက္နို္င္တဲ့ အေျခအေနအထိ ရင္ဆိုင္လာရၿပီ။
ရန္သူ႔နယ္ေျမေရာက္ ေရွ႕တန္းထြက္ တပ္ေတြမွာ မီးက်ိဳးေမာင္းပ်က္ေတြနဲ႔ က်ည္မပါတဲ့ ဘက္ကပ္ခြံေတြနဲ႔၊ ဟန္သာရိွေတာ့တဲ့ အေျခအေန။
ဒီအခ်ိန္မွာ KNU ဟာ တန္ခိုးထြားေနခ်ိန္၊ ျမန္မာလည္ပတ္ေငြေၾကးရဲ႕ ၃၀% ေက်ာ္ဟာ KNU လက္ထဲမွာ ရိွေနခဲ့တယ္။
ေငြမဲမေၾကညာမီ လတ္တေလာကာလတြင္ KNU လက္ထဲမွာ သတၳဳရိုင္းနွင့္ ကြၽန္းသစ္ေရာင္းရေငြဟာ က်ပ္ေငြ ၇ ဘီလီယန္ေလာက္ အထိ ရိွေနတယ္။ ဒီအထဲမွာ အျမင့္ဆံုးေငြစကၠဴ ၁၀၀ တန္က ၅ ဘီလီယံေက်ာ္ပါဝင္ေနတယ္။ ဒီေငြေတြနဲ႔ ထိုင္းစစ္တပ္ကေနတဆင့္ အေမရိကန္ထုတ္ လက္နက္ေတြ ဝယ္ယူဖို႔ လုပ္ေဆာင္ေနတာဟာ ေငြေပးေခ်ဖို႔ အေျခအေနထိ ေရာက္ေနၿပီျဖစ္ေၾကာင္း ျပည္တြင္းျပည္ပ ေထာက္လွမ္းေရးသတင္းေတြ ရရိွေနၿပီ။
ဲဒီလက္နက္ေတြသာ KNU လက္ထဲ ေရာက္သြားခဲ့ရင္ ျမန္မာ့သမိုင္း တမ်ိဳးျဖစ္ျဖစ္သြားမွာ ေသခ်ာတယ္။
ဒီအခ်ိန္မွာ သမၼတႀကီး ဦးေနဝင္းဟာ ဆံုးျဖတ္ခ်က္ တခုခ်မွတ္လိုက္တယ္။ အဂၢဗ်ဴဟာျဖစ္လို႔ အသိေပးသင့္တယ္ထင္တဲ့သူ ဝန္ႀကီး ၇ ပါးကို အိမ္ေတာ္ကို ေခၚၿပီး ရွင္းျပလိုက္တယ္။ အားလံုးသဘာတူတဲ့အတြက္ ျပန္ၾကားေရးဝန္ႀကီးကို ေခၚၿပီး စာအိပ္ကိုခ်ိတ္ပိတ္၍ ဒီေၾကညာခ်က္ကို အခု ခ်က္ခ်င္း ေရဒီယိုနဲ႔ ရုပ္သံကေန ေၾကညာဖို႔ ခိုင္းလိုက္ရျခင္းျဖစ္တယ္။
ေၾကညာခ်က္ မၿပီးမခ်င္း အိမ္ေတာ္ေရာက္ေနတဲ့ ဝန္ႀကီးေတြကို တခါးပိတ္ထားခဲ့တယ္။ ေၾကညာခ်က္ကို ျမင္ရၾကားရခ်ိန္မွာေတာ့ အားလံုး ေၾကကြဲညိႈးငယ္ေနခဲ့ၾကရပါတယ္။
တိုင္းျပည္ရဲ႕ အနာဂတ္အတြက္ သမိုင္းမွာ နာမည္ဆိုးတြင္ေစမည့္ လုပ္ရပ္ကို ရင္နာနာနဲ႔ သတၱိရိွစြာ လုပ္ေဆာင္ခဲ့မႈကို ေက်းဇူးမတင္ခ်င္ရင္ ေနၾကပါ။ မေစာ္ကားၾကဖို႔ေတာ့ တားပါရေစ။
(သမိုင္းအလြဲမ်ားကို ေခ်ဖ်က္ၾကပါစို႔၊ အတိတ္ကို ပညာယူၿပီး တိုင္းျပည္အနာဂတ္လွဖို႔ ႀကိဳးစားၾကပါစို႔)
ေဒါက္တာေက်ာ္ေဆြ
(ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္)
သုေတသနနွင့္ ေလ့က်င့္ပညာေပးေရးဌာနမွဴး
တိုင္းရင္းသားစည္းလံုးညီၫြတ္ေရးပါတီ။
Unicode
၁၉၈၅ နိုဝင်ဘာလ ၃ ရက်နေ့
နံနက် ၁၁း၁၅ မြန်မာ့အသံမှ အရေးပေါ်ကြေညာချက်ထွက်ပေါ်လာတယ်။ သတင်း ကြေညာသူက ဦးကျော်စိုးဦး၊ သတင်းကို ယူလာပေးသူက ပြန်ကြားရေးဝန်ကြီး၊ သတင်းက ချိတ်ပိတ်စာအိပ်၊ စာအိပ်ပေးသူက လမ်းစဉ်ပါတီဥက္ကဌကြီး သမ္မတကြီး ဦးနေဝင်း၊ ကြားဖြတ်အရေးပေါ် ကြေညာချက်ဖြစ်၍ တနိုင်ငံလုံး နားစွင့်နေကြတယ်။ TV ကလည်း တိုက်ရိုက် ထုတ်လွှင့်နေတယ်။ သတင်းကြေညာဖို့ စာအိတ်ဖောက်လိုက်ပြီးချိန်မှာ သတင်းကြေညာသူဟာ လက်တွေ တုန်နေတယ်။ အသံကလည်း တုန်ရီအက်ကွဲနေတယ်။
အားလုံးကြားလိုက်ရတာကတော့
“၁၀ဝ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေကြေးအဖြစ်မှ ယခုအချိန်မှ စတင်၍ ရပ်ဆိုင်းလိုက်ပါကြောင်း”
တနိုင်ငံလုံး ဟင်၊ ဟာ၊ ကျွတ်၊ တောက် အသံတွေ မိုးမွှန် လျှံထွက်လာတယ်။
တချို့တွေက ငို၊ တချို့တွေက အရူးတပိုင်းဖြစ်၊ တချို့တွေ နှလုံးရပ်ပြီး သေကြ။ အစိုးရငွေကြေး လက်ထဲမှာ ထားမိတဲ့ အရာရှိကြီးငယ်တွေလည်း ထိုင်မရ၊ထမရ နဲ့ပေါ့။
ဒီလောက် ပြည်သူတွေ ထိခိုက်နစ်နာနိုင်မယ့်အရေးကို ဘာကြောင့် ဆောင်ရွက်လိုက်ရကြောင်းကိုတော့ သိသူနည်းသလို သိအောင်လည်း မလုပ်ခဲ့ကြပါဘူး။ ဒီအချိန်အထိ ဒီအချက်ကို အညှိုးတကြီးထားပြီး တိုက်ခိုက်စရာ အာခီးလီး ဖနောင့်ကြော အဖြစ်မှတ်ယူနေကြဆဲ။
သိသူတွေ သေလို့ ကြားသူတွေ ရှားလာချိန် ဖြစ်လာပြီ။ သမိုင်းအမှားတွေနဲ့ ကျုပ်တို့ လူငယ်တွေ ခရီးဆက်နေကြလို့ မရတော့။ သမိုင်းအမှားတွေက အမြင်အမှားတွေ မွေးပေးနေပြီး အသိအမှားတွေနဲ့ ခရီးဆက်ကြရင် မြန်မာရာဇဝင် အရိုင်းတွေ ထပ်တိုးပေတော့မည်။ ဒါကြောင့် သိမီသူတွေ ရှာဖွေမေးမြန်းရင်း ကွက်လပ်ဖြည့် အမှားကို ပြင်ဆင်လိုက်ပါသည်။
၁၉၈၅ ခုနှစ် မြန်မာ့စီးပွားရေးသည် ဆုတ်ယုတ်နေပြီ။ လက်ရှိတခါးပိတ်စီးပွားရေးစနစ်နဲ့ သွားလို့ မရမှန်း သိခဲ့ပြီး စီးပွားရေးစနစ်ပြောင်းလဲရေးအတွက် စီစဉ်ဆောင်ရွက် ခဲ့ကြတယ်။
ဒီအချိန်မှာ မြန်မာတပ်မတော်အတွက် အသုံးစာရိတ်တွေကိုလည်း လျော့ချခဲ့ရတယ်။ ဒါပေမယ့် စစ်ဆင်ရေးကတော့ လျော့မသွားခဲ့ဘူး။ တပ်ရိက္ခာတောင် ပုံမှန် မထောက်နိ်ုင်တဲ့ အခြေအနေအထိ ရင်ဆိုင်လာရပြီ။
ရန်သူ့နယ်မြေရောက် ရှေ့တန်းထွက် တပ်တွေမှာ မီးကျိုးမောင်းပျက်တွေနဲ့ ကျည်မပါတဲ့ ဘက်ကပ်ခွံတွေနဲ့၊ ဟန်သာရှိတော့တဲ့ အခြေအနေ။
ဒီအချိန်မှာ KNU ဟာ တန်ခိုးထွားနေချိန်၊ မြန်မာလည်ပတ်ငွေကြေးရဲ့ ၃၀% ကျော်ဟာ KNU လက်ထဲမှာ ရှိနေခဲ့တယ်။
ငွေမဲမကြေညာမီ လတ်တလောကာလတွင် KNU လက်ထဲမှာ သတ္ထုရိုင်းနှင့် ကျွန်းသစ်ရောင်းရငွေဟာ ကျပ်ငွေ ၇ ဘီလီယန်လောက် အထိ ရှိနေတယ်။ ဒီအထဲမှာ အမြင့်ဆုံးငွေစက္ကူ ၁၀ဝ တန်က ၅ ဘီလီယံကျော်ပါဝင်နေတယ်။ ဒီငွေတွေနဲ့ ထိုင်းစစ်တပ်ကနေတဆင့် အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူဖို့ လုပ်ဆောင်နေတာဟာ ငွေပေးချေဖို့ အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်း ပြည်တွင်းပြည်ပ ထောက်လှမ်းရေးသတင်းတွေ ရရှိနေပြီ။
ဲဒီလက်နက်တွေသာ KNU လက်ထဲ ရောက်သွားခဲ့ရင် မြန်မာ့သမိုင်း တမျိုးဖြစ်ဖြစ်သွားမှာ သေချာတယ်။
ဒီအချိန်မှာ သမ္မတကြီး ဦးနေဝင်းဟာ ဆုံးဖြတ်ချက် တခုချမှတ်လိုက်တယ်။ အဂ္ဂဗျူဟာဖြစ်လို့ အသိပေးသင့်တယ်ထင်တဲ့သူ ဝန်ကြီး ၇ ပါးကို အိမ်တော်ကို ခေါ်ပြီး ရှင်းပြလိုက်တယ်။ အားလုံးသဘာတူတဲ့အတွက် ပြန်ကြားရေးဝန်ကြီးကို ခေါ်ပြီး စာအိပ်ကိုချိတ်ပိတ်၍ ဒီကြေညာချက်ကို အခု ချက်ချင်း ရေဒီယိုနဲ့ ရုပ်သံကနေ ကြေညာဖို့ ခိုင်းလိုက်ရခြင်းဖြစ်တယ်။
ကြေညာချက် မပြီးမချင်း အိမ်တော်ရောက်နေတဲ့ ဝန်ကြီးတွေကို တခါးပိတ်ထားခဲ့တယ်။ ကြေညာချက်ကို မြင်ရကြားရချိန်မှာတော့ အားလုံး ကြေကွဲညှိုးငယ်နေခဲ့ကြရပါတယ်။
တိုင်းပြည်ရဲ့ အနာဂတ်အတွက် သမိုင်းမှာ နာမည်ဆိုးတွင်စေမည့် လုပ်ရပ်ကို ရင်နာနာနဲ့ သတ္တိရှိစွာ လုပ်ဆောင်ခဲ့မှုကို ကျေးဇူးမတင်ချင်ရင် နေကြပါ။ မစော်ကားကြဖို့တော့ တားပါရစေ။
(သမိုင်းအလွဲများကို ချေဖျက်ကြပါစို့၊ အတိတ်ကို ပညာယူပြီး တိုင်းပြည်အနာဂတ်လှဖို့ ကြိုးစားကြပါစို့)
ဒေါက်တာကျော်ဆွေ
(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
သုတေသနနှင့် လေ့ကျင့်ပညာပေးရေးဌာနမှူး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ။
