သဉ္ဇာနွယ်ဝင်းပြောတဲ့ အပေါင်းအသင်းနည်းရခြင်း အကြောင်းအရင်း

မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်သလို မိန်းကလေးအများစု အားကျနေရတဲ့ အိမ်ထောင်ရေးနဲ့ ခင်ပွန်းသည်ကို ပိုင်ဆိုင်ထားရတဲ့ သဥ္ဇာနွယ်ဝင်းကတော့ သူမ အပေါင်းအသင်းဘာကြောင့် နည်းရတာလည်း ဆိုတာနဲ့ ပတ်သတ်ပြီး ယခုလိုပဲဆိုပါတယ်…
သဥ္ဇာနွယ်ဝင်းဟာ သူမရဲ့ ခံစားချက်တွေ သူမရဲ့ ဘဝအမှတ်တရလေးတွေကို သူမရဲ့ လူမှုကွန်ယက်မှာတင်ရင်း ပရိသတ်တွေဆီမျှဝေလေ့ရှိပြီး ယခုတစ်ခါမှာလည်း သူမဘာကြောင့် အပေါင်းအသင်းနည်းရသလည်း ဆိုတာနဲ့ ပတ်သတ်ပြီး
"" အပေါင်းအသင်းနည်းတဲ့
အကြောင်းအရင်း…"
လူ့ဘဝကတိုလွန်းတယ်လို့ယူဆတာကြောင့်
အစစ်အမှန်တွေကိုရှာဖွေထိန်းသိမ်းလာခဲ့မိတာ
လောကကြီးမှာ အစစ်ထက်
အတုအယောင်တွေ ပိုများနေတော့လည်း
မိတ်ဆွေနည်းပါးသွားတာပေါ့
လွမ်းစရာမရှိပါဖူးလေ
၁၀.၄.၂၀၁၇
ဆောင်းဦးလှိုင်" လို့ သူမက ရေးသားထားခဲ့ပြီး သူမရဲ့ သူငယ်ချင်းဖြစ်သလို အနုပညာညီအမတွေလည်း ဖြစ်ကြတဲ့ မိုးယုစံက "အတုအယောင်ကြားထဲ အစစ်အမှန်တွေက နေရာမရတတ်တာ အမှန်ပါ တခါခါကိုယ်တွေလည်းပြောင်းလဲဖို့ကြိုးစားကြည့်တယ် လူတိုင်းမှာ ပင်ကိုယ်ဗီဇ စိတ်တွေရှိကြတယ် ကိုယ်တွေရဲ့စိတ်ကတော့ အတုအယောင်တွေကြားထဲဝင်လို့မရတာပဲ အတုအယောင်များတဲ့ဟာတွေမမက်ပါနဲ့ ကိုယ့်ဘဝကိုယ်အေးဆေးပါ" ဆိုပြီး comment ရေးသားခဲ့ပါတယ်။
ယခုလတ်တလောမှာတော့ သဥ္ဇာနွယ်ဝင်းဟာ အနုပညာလောကက အနားယူးထားပြီ ဖြစ်တာမို့ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်အနေနဲ့ ခင်ပွန်းသည်နဲ့အတူ ပျော်ရွှင်နေတယ်လို့ သူမရဲ့ လူမှုကွန်ယက်မှတဆင့် သိရပါတယ် ပရိသတ်ကြီးရေ……
Source: Thinzar Nwe Win
Go Goe
Powered by Blogger.