ကျောင်းပြန်တက်ချင်စိတ်တောင် ပေါက်သွားမယ့် အရမ်းလှတဲ့ဆရာမလေး





Berco ဟာ အသက် 21 နှစ်သာ ရှိသေးပြီး၊ ကိုကိုကာလသများအကြားမှာတော့ အလွန်ကို ချစ်မြတ်နိုးခြင်းခံရလို့ တစ်နေ့တစ်နေ့ လက်ဆောင်ပစ္စည်းတွေဟာ လက်မခံချင်လောက်အောင်ကို ပေါများတယ်လို့ ဆိုပါတယ်။ သူမဟာ ပျော်ပျော်နေတတ်ပြီး၊ ကလေးတွေကိုလည်း အလွန်ချစ်မြတ်နိုးတယ်လို့ နာမည်ကြီးပါတယ်။



ဒါကြောင့် ဖိလစ်ပိုင်တစ်ခွင်မှာတော့ ဆရာမလေး Berco ရဲ့ လှပတဲ့သွင်ပြင်ကို မြင်ပြီး၊ ကျောင်းပြန်တက်ချင်စိတ်
တောင် ပေါက်လာပြီလို့ ပြောကြတဲ့ လူပျိုလူလွတ်တွေ တစ်နေ့တစ်ခြား များပြားလာခဲ့တယ်လို့ ဆိုပါတယ်။ Barco ဟာ ပြီးခဲ့တဲ့ လကမှ Early Childhood Education အထူးပြုဘာသာရပ်နဲ့ ပညာရေးဆိုင်ရာဘွဲ့ကို ရရှိခဲ့ပါတယ်။




Berco ရဲ့ ထင်ရှားခဲ့တဲ့ စကားကတော့ “ကလေးငယ်လေးတွေအပေါ်မှာ တတ်သလောက် မျှဝေပေးခြင်းဟာ ဘ၀မှာ အကောင်းဆုံး စတင်မှုလို့ ခေါ်ရမှာပါ .. ကလေးတွေကို သင်ကြားရတာလောက် အရေးကြီးတဲ့အလုပ် လူမှုအဖွဲ့အစည်း အတွင်းမှာ မပေါ်ပေါက်သေးပါဘူး … ဒါကြောင့် ကျမ ဆရာမဘ၀ကို ရွေးချယ်ခဲ့တာပါ “လို့ ပြောခဲ့ပါတယ်။



တစ်ချိ့သောသူတွေက သူမ အိမ်မွေးတိရစ္ဆာန် မွေးထားတာနဲ့ပတ်သက်ပြီး ဝေဖန်ကြပေမယ့်၊ သူမအတွက်တော့ မထူး
ဆန်းကြောင်း၊ ချစ်စရာသတ္တ၀ါလေးအဖြစ် မှတ်ယူကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။ သူမ မွေးမြူထားတဲ့ မြွေကြီး ဟာ အိပ်တဲ့အခါမှာလည်း သူမနဲ့ အတူအိပ်လေ့ရှိတယ်လို့ သိရပါတယ်။



နတ်စည်တော် (Shwemom)
 "www.shwemom.com  မှ ကူးယူဖော်ပြသည်။"
Powered by Blogger.