မ်ိဳးေဇာ္ေထြး ရဲ႕ အဓမၼအႀကိမ္ႀကိမ္ျပဳက်င့္ခံရျပီး အသက္အႏၱရာယ္ပါျခိမ္းေျခာက္ခံခဲ့ရတယ္လုိ ့ကာယကံရွင္ေျပာဆုိ


“အရမ္းကိုေအာက္တန္းက်တဲ့ မုဒိန္းသမားၾကီးစစ္စစ္ပါ၊ သူကသဘာဝထက္လြန္ကဲေနတယ္လို႔ ယူဆရပါတယ္ရွင္ အားမမ်ွတဘဲ ျပဳက်င့္ခံရတဲ့အၾကိမ္တိုင္းမွာ ကၽြန္မနာက်င္ရပါတယ္ ” လို႔ သူေတြ႕ၾကံဳခဲ့ရတဲ့ အေၾကာင္းကို ေျပာျပရင္း မနီနီလြင္ရဲ႕အသံက တစ္ခ်က္တစ္ခ်က္မွာ သိသိသာသာတိမ္ဝင္သြားပါတယ္။ ျပီးခဲ့တဲ့ ေလးလေလာက္က မ်ိဳးေဇာ္ေထြး ဆိုတဲ့ေဖ့ဘြတ္ခ္ အေကာင့္က မနီနီလြင္ဆီ လာအပ္ခဲ့ျပီး သူ႕ရဲ႕ Wall ထဲမွာ အဲသည့္လူဟာ ပရဟိတလုပ္တဲ့ပံုေတြတင္ထားတဲ့အတြက္ေၾကာင့္ Friend အျဖစ္ လက္ခံခဲ့ကာ အဲသည္ကေနတစ္ဆင့္ ခင္မင္ခဲ့တယ္လို႔ သိရပါတယ္။
မနီနီလြင္ကိုယ္တိုင္လည္း အမ်ားအက်ိဳးအတြက္ လုပ္ေဆာင္ေပးေနတဲ့ သူတစ္ေယာက္ သူ႔ကိုလာအပ္ခဲ့တဲ့အတြက္ ဝမ္းေျမာက္ဂုဏ္ယူမိေၾကာင္း ေဖ့ဘြတ္စာမ်က္ႏွာမွာ တင္ခဲ့တယ္လို႔ ဆိုပါတယ္။ မနီနီလြင္က သာမန္စာေရးမတစ္ဦးျဖစ္ျပီး မိသားစုငါးေယာက္ရွိကာ အေဖမရွိေတာ့ပါဘူး။ သူ႔အေနနဲ႔ မိသားစုကို အလုပ္ေက်ြးျပဳဖို႔နယ္ကေနတစ္ဆင့္ ပခုကၠဴျမိဳ႕ကို လာေရာက္အလုပ္လုပ္ကိုင္ရင္း အေဆာင္ငွားရမ္းေနထိုင္ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ ခင္မင္ရာကေနမွတဆင့္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔မွာ မနီနီလြင္က သူငယ္ခ်င္းေယာက်္ား မႏၱေလးမွာ ေဆးခန္းသြားျပဖို႔ အကူညီေတာင္းခံခဲ့ရာ ၄ ရက္ေန႔ နံနက္အေစာ သြားရမွာျဖစ္တဲ့အတြက္ ၃ ရက္ေန႔ကို သူ႕အိမ္မွာလိုက္တည္းဖို႔ ဦးမ်ိဳးေဇာ္ေထြးမွ ေျပာခဲ့တယ္လို႔ သိရပါတယ္။
“သူ႕အိမ္မွာတည္းဖို႔ေခၚပါတယ္ ကၽြန္မလည္းအေဆာင္ငွားေနရတဲ့သူဆိုေတာ့ အဆင္မေျပတဲ့အတြက္ သူ႔အိမ္မွာတည္းခိုဖို႔ သေဘာတူခဲ့ပါတယ္။ သူ႔ရဲ႕ပရဟိတတံဆိပ္ကပ္ထားတဲ့ ကားနဲ႔လာေခၚျပီး ဟိုေရာက္ေတာ့ သူ႕အိမ္ဆိုတာလည္းမဟုတ္ပါဘူး ပရဟိတပစၥည္းေတြထားတဲ့ဂိုေဒါင္ျဖစ္ေနပါတယ္” လို႔ သူကဆက္လက္ေျပာပါတယ္။ အဲသည့္ေန႔မွာပဲ မ်ိဳးေဇာ္ေထြးဆိုသူက သူ႕ကိုအဓမၼျပဳက်င့္ဖို႔ တစ္ေနကုန္ၾကိဳးစားခဲ့ျပီး ငိုယိုအသနားခံ ရုန္းကန္မႈေၾကာင့္ လြတ္ေျမာက္ခဲ့ရေပမယ့္ ၄ ရက္ေျမာက္ေန႔မွာေတာ့ သူငယ္ခ်င္းေယာက်္ား ေဆးခန္းျပအျပီး အျပန္အေဆာင္ကို ျပန္လိုက္မပို႔ဘဲ ပရဟိတပစၥည္းေတြ သိုေလွာင္ထားတဲ့ အခန္းအေမွာင္ထဲမွာပဲ ၂၈ ႏွစ္တာကာလလံုးလံုး မနီနီလြင္ထိန္းသိမ္းခဲ့တဲ့ အပ်ိဳစင္ဘဝဟာ အနုိင္ထက္စီးနင္းျပီးရယူခဲ့ပါတယ္။


“သူ႔အလိုကိုမလိုက္လို႔ ကၽြန္မကို ပါးေတြရိုက္ပါတယ္ ကၽြန္မရဲ႕ရင္ညြန္႔ေပၚကို ခြထိုင္ျပီး သူ႔ရဲ႕တန္ဆာကို ပါးစပ္ထဲထိုးထည့္ျပီး သူလုပ္ခ်င္သလိုအမ်ိဳးမ်ိဳးလုပ္ပါတယ္။ဓါတ္ပံုေတြရိုက္ယူျပီး ကၽြန္မကို ႏွစ္လလံုးလံုး ျခိမ္းေျခာက္ျပဳက်င့္ခဲ့ပါတယ္” လို႔ ေျပာပါတယ္။ မနီနီလြင္ဟာ အဲသည္လိုျပဳက်င့္ခံခဲ့ရျပီး မိဘေတြသိမွာစိုး၊ ေမာင္ႏွမေတြသိမွာစိုးတဲ့အတြက္ေၾကာင့္ သူ႕ကိုထပ္ျပီးမျပဳက်င့္ဖို႔ အၾကိမ္ၾကိမ္ေတာင္းပန္ခဲ့ေပမယ့္လည္း အတင္းအဓမၼျပဳက်င့္ ဆက္ဆံတုန္း ရိုက္ထားတဲ့ပံုေတြနဲ႔အျပင္ အသက္အႏၱရာယ္ကိုပါ ျခိမ္းေျခာက္ခံရျပီး သူေခၚေတြ႕တဲ့အၾကိမ္တိုင္း အားမမ်ွတစြာနဲ႔ ျပဳက်င့္ခံခဲ့ရပါတယ္။ သူနဲ႔ေတြ႕ဖို႔ ျငင္းဆန္တဲ့အၾကိမ္တိုင္း “ပံုေကာင္းေကာင္းအလန္းေလးေတြ ဗီႏိုင္းထုတ္ျပီး နင္တို႔ရြာထဲကို လိုက္ခ်ပစ္မယ္” လို႔ျခိမ္းေျခာက္တဲ့အျပင္ “နင္ငါလုပ္တာမမွတ္ေသးဘူးလား ပါတဲ့ဓါးနဲ႔သတ္ျပီးျမစ္ထဲပစ္ခ်ပစ္လိုက္မယ့္ နင္ဘာလုပ္ႏုိင္မွာမို႔လို႔လဲ” ဆိုတဲ့စကားမ်ားနဲ႔ ျခိမ္းေျခာက္ခဲ့တယ္လို႔ သူကေျပာပါတယ္။
ပရဟိတတံဆိပ္ကပ္ထားတဲ့ ကားနဲ႔သူကာမရယူလိုခ်ိန္၊ ဆာေလာင္ခ်ိန္တိုင္း လာေရာက္ေခၚေဆာင္သြားျပီး သူ႕ရဲ႕ဂိုေဒါင္မွာ အၾကိမ္ၾကိမ္ျပဳက်င့္ခဲ့တယ္လို႔ သိရပါတယ္။ ကာမရယူခ်ိန္မွာလည္း ခႏၶာကိုယ္ေပၚတက္ခါ အမ်ိဳးမ်ိဳး ဓါတ္ပံုေတြရိုက္ယူခဲ့တယ္လို႔ သိရပါတယ္။ ဧျပီလ ၁၂ ရက္ေန႔မွာေတာ့ မဇင္မာဦး (အမည္လႊဲ)နဲ႔အဆက္အသြယ္ရရွိခဲ့ျပီး မနီနီလြင္တစ္ေယာက္အတြက္ လြတ္ေျမာက္ရာလမ္းတစ္ခုျဖစ္ခဲ့ပါတယ္။ မဇင္မာဦးကေတာ့ မနီနီလြင္လို က်ဳးလြန္မခံခဲ့ရေပမယ့္ ၾကိဳးစားခံခဲ့ရသူတစ္ဦး ျဖစ္ပါတယ္။
“အဆက္အသြယ္ရတဲ့အခ်ိန္ကစျပီး ဒီညီမေလးက အစ္မသူ႕ကိုကယ္ပါ ဒီတိုင္းဆိုညီမေလးေသရေတာ့မယ္ ဆိုျပီး အၾကိမ္ၾကိမ္စာပို႔ခဲ့ပါတယ္ ဖတ္ရတုိင္းလည္းစိတ္မေကာင္းျဖစ္ခဲ့ရတယ္ က်ြန္မကိုလည္း က်ဳးလြန္ဖို႔ၾကိဳးစားခဲ့တဲ့အတြက္ေၾကာင့္ ၂၁ ရက္ေန႔မွာပခုကၠဴစခန္းကိုတိုင္ျပီး ဖမ္းဆီးခဲ့တာပါ“ လို႔ သူကေျပာပါတယ္။ မနီနီလြင္အေနနဲ႔ အခုျဖစ္စဥ္နဲ႔ပတ္သက္ျပီး ရဲတပ္ဖြဲ႔ရဲ႕စစ္ခ်က္အေပၚ ေက်နပ္မႈမရွိဘူးလို႔ ေျပာပါတယ္။ “စဖမ္းတဲ့ေန႔ထဲက ဦးမ်ိဳးေဇာ္ေထြးနဲ႔ကၽြန္မဟာ လြန္ခဲ့တဲ့ ေလးလခန္႔ကစျပီး ခင္မင္ခဲ့တယ္လို႔သာ ဆိုခဲ့တာကို ရဲစခန္းကစစ္ခ်က္ထဲမွာ လြန္ခဲ့တဲ့ေလးလထဲက သမီးရည္းစားျဖစ္ခဲ့တယ္လို႔ သံုးထားပါတယ္ ေရွ႕မွာကၽြန္မလိုပဲ အမ်ိဳးသမီးေကာငး္ေလးေတြ ကေလးမေလးေတြ ဖ်က္ဆီးခံခဲ့ရတာေတြလည္း ရွိပါတယ္” လို႔က်ဳးလြန္ခံရသူ အသက္ ၂၈ ႏွစ္အရြယ္ မနီနီလြင္က ေျပာပါတယ္။
မနီနီလြင္က သူမတိုင္မီက်ဳးလြန္ခံခဲ့ရတဲ့ ေကာင္မေလးေတြရဲ႕ပံုကို ဦးမ်ိဳးေဇာ္ေထြးရဲ႕ဖုန္းထဲမွတစ္ဆင့္ ကူးယူခဲ့ျပီး သူမကိုယ္တုိင္လည္း အဲဒီေကာင္မေလးေတြနဲ႔ အျပင္မွာေတြ႕ဆံုခဲ့ျပီးျပီလို႔ ေျပာပါတယ္။ လက္ရွိအေျခအေနမွာ ဦးမ်ိဳးေဇာ္ေထြးဆိုသူကို ပခုကၠဴျမိဳ႕မရဲစခန္းမွာ မုဒိန္းမႈ ၃၇၆ နဲ႔အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။
Author ဝင္းနႏၵာ
Unicode
“အရမ်းကိုအောက်တန်းကျတဲ့ မုဒိန်းသမားကြီးစစ်စစ်ပါ၊ သူကသဘာဝထက်လွန်ကဲနေတယ်လို့ ယူဆရပါတယ်ရှင် အားမမျှတဘဲ ပြုကျင့်ခံရတဲ့အကြိမ်တိုင်းမှာ ကျွန်မနာကျင်ရပါတယ် ” လို့ သူတွေ့ကြုံခဲ့ရတဲ့ အကြောင်းကို ပြောပြရင်း မနီနီလွင်ရဲ့အသံက တစ်ချက်တစ်ချက်မှာ သိသိသာသာတိမ်ဝင်သွားပါတယ်။ ပြီးခဲ့တဲ့ လေးလလောက်က မျိုးဇော်ထွေး ဆိုတဲ့ဖေ့ဘွတ်ခ် အကောင့်က မနီနီလွင်ဆီ လာအပ်ခဲ့ပြီး သူ့ရဲ့ Wall ထဲမှာ အဲသည့်လူဟာ ပရဟိတလုပ်တဲ့ပုံတွေတင်ထားတဲ့အတွက်ကြောင့် Friend အဖြစ် လက်ခံခဲ့ကာ အဲသည်ကနေတစ်ဆင့် ခင်မင်ခဲ့တယ်လို့ သိရပါတယ်။
မနီနီလွင်ကိုယ်တိုင်လည်း အများအကျိုးအတွက် လုပ်ဆောင်ပေးနေတဲ့ သူတစ်ယောက် သူ့ကိုလာအပ်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ဖေ့ဘွတ်စာမျက်နှာမှာ တင်ခဲ့တယ်လို့ ဆိုပါတယ်။ မနီနီလွင်က သာမန်စာရေးမတစ်ဦးဖြစ်ပြီး မိသားစုငါးယောက်ရှိကာ အဖေမရှိတော့ပါဘူး။ သူ့အနေနဲ့ မိသားစုကို အလုပ်ကျွေးပြုဖို့နယ်ကနေတစ်ဆင့် ပခုက္ကူမြို့ကို လာရောက်အလုပ်လုပ်ကိုင်ရင်း အဆောင်ငှားရမ်းနေထိုင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ခင်မင်ရာကနေမှတဆင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ မနီနီလွင်က သူငယ်ချင်းယောကျာ်း မန္တလေးမှာ ဆေးခန်းသွားပြဖို့ အကူညီတောင်းခံခဲ့ရာ ၄ ရက်နေ့ နံနက်အစော သွားရမှာဖြစ်တဲ့အတွက် ၃ ရက်နေ့ကို သူ့အိမ်မှာလိုက်တည်းဖို့ ဦးမျိုးဇော်ထွေးမှ ပြောခဲ့တယ်လို့ သိရပါတယ်။
“သူ့အိမ်မှာတည်းဖို့ခေါ်ပါတယ် ကျွန်မလည်းအဆောင်ငှားနေရတဲ့သူဆိုတော့ အဆင်မပြေတဲ့အတွက် သူ့အိမ်မှာတည်းခိုဖို့ သဘောတူခဲ့ပါတယ်။ သူ့ရဲ့ပရဟိတတံဆိပ်ကပ်ထားတဲ့ ကားနဲ့လာခေါ်ပြီး ဟိုရောက်တော့ သူ့အိမ်ဆိုတာလည်းမဟုတ်ပါဘူး ပရဟိတပစ္စည်းတွေထားတဲ့ဂိုဒေါင်ဖြစ်နေပါတယ်” လို့ သူကဆက်လက်ပြောပါတယ်။ အဲသည့်နေ့မှာပဲ မျိုးဇော်ထွေးဆိုသူက သူ့ကိုအဓမ္မပြုကျင့်ဖို့ တစ်နေကုန်ကြိုးစားခဲ့ပြီး ငိုယိုအသနားခံ ရုန်းကန်မှုကြောင့် လွတ်မြောက်ခဲ့ရပေမယ့် ၄ ရက်မြောက်နေ့မှာတော့ သူငယ်ချင်းယောကျာ်း ဆေးခန်းပြအပြီး အပြန်အဆောင်ကို ပြန်လိုက်မပို့ဘဲ ပရဟိတပစ္စည်းတွေ သိုလှောင်ထားတဲ့ အခန်းအမှောင်ထဲမှာပဲ ၂၈ နှစ်တာကာလလုံးလုံး မနီနီလွင်ထိန်းသိမ်းခဲ့တဲ့ အပျိုစင်ဘဝဟာ အနိုင်ထက်စီးနင်းပြီးရယူခဲ့ပါတယ်။
“သူ့အလိုကိုမလိုက်လို့ ကျွန်မကို ပါးတွေရိုက်ပါတယ် ကျွန်မရဲ့ရင်ညွန့်ပေါ်ကို ခွထိုင်ပြီး သူ့ရဲ့တန်ဆာကို ပါးစပ်ထဲထိုးထည့်ပြီး သူလုပ်ချင်သလိုအမျိုးမျိုးလုပ်ပါတယ်။ဓါတ်ပုံတွေရိုက်ယူပြီး ကျွန်မကို နှစ်လလုံးလုံး ခြိမ်းခြောက်ပြုကျင့်ခဲ့ပါတယ်” လို့ ပြောပါတယ်။ မနီနီလွင်ဟာ အဲသည်လိုပြုကျင့်ခံခဲ့ရပြီး မိဘတွေသိမှာစိုး၊ မောင်နှမတွေသိမှာစိုးတဲ့အတွက်ကြောင့် သူ့ကိုထပ်ပြီးမပြုကျင့်ဖို့ အကြိမ်ကြိမ်တောင်းပန်ခဲ့ပေမယ့်လည်း အတင်းအဓမ္မပြုကျင့် ဆက်ဆံတုန်း ရိုက်ထားတဲ့ပုံတွေနဲ့အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခံရပြီး သူခေါ်တွေ့တဲ့အကြိမ်တိုင်း အားမမျှတစွာနဲ့ ပြုကျင့်ခံခဲ့ရပါတယ်။ သူနဲ့တွေ့ဖို့ ငြင်းဆန်တဲ့အကြိမ်တိုင်း “ပုံကောင်းကောင်းအလန်းလေးတွေ ဗီနိုင်းထုတ်ပြီး နင်တို့ရွာထဲကို လိုက်ချပစ်မယ်” လို့ခြိမ်းခြောက်တဲ့အပြင် “နင်ငါလုပ်တာမမှတ်သေးဘူးလား ပါတဲ့ဓါးနဲ့သတ်ပြီးမြစ်ထဲပစ်ချပစ်လိုက်မယ့် နင်ဘာလုပ်နိုင်မှာမို့လို့လဲ” ဆိုတဲ့စကားများနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ သူကပြောပါတယ်။
ပရဟိတတံဆိပ်ကပ်ထားတဲ့ ကားနဲ့သူကာမရယူလိုချိန်၊ ဆာလောင်ချိန်တိုင်း လာရောက်ခေါ်ဆောင်သွားပြီး သူ့ရဲ့ဂိုဒေါင်မှာ အကြိမ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။ ကာမရယူချိန်မှာလည်း ခန္ဓာကိုယ်ပေါ်တက်ခါ အမျိုးမျိုး ဓါတ်ပုံတွေရိုက်ယူခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၂ ရက်နေ့မှာတော့ မဇင်မာဦး (အမည်လွှဲ)နဲ့အဆက်အသွယ်ရရှိခဲ့ပြီး မနီနီလွင်တစ်ယောက်အတွက် လွတ်မြောက်ရာလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ မဇင်မာဦးကတော့ မနီနီလွင်လို ကျုးလွန်မခံခဲ့ရပေမယ့် ကြိုးစားခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။
“အဆက်အသွယ်ရတဲ့အချိန်ကစပြီး ဒီညီမလေးက အစ်မသူ့ကိုကယ်ပါ ဒီတိုင်းဆိုညီမလေးသေရတော့မယ် ဆိုပြီး အကြိမ်ကြိမ်စာပို့ခဲ့ပါတယ် ဖတ်ရတိုင်းလည်းစိတ်မကောင်းဖြစ်ခဲ့ရတယ် ကျွန်မကိုလည်း ကျုးလွန်ဖို့ကြိုးစားခဲ့တဲ့အတွက်ကြောင့် ၂၁ ရက်နေ့မှာပခုက္ကူစခန်းကိုတိုင်ပြီး ဖမ်းဆီးခဲ့တာပါ“ လို့ သူကပြောပါတယ်။ မနီနီလွင်အနေနဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့စစ်ချက်အပေါ် ကျေနပ်မှုမရှိဘူးလို့ ပြောပါတယ်။ “စဖမ်းတဲ့နေ့ထဲက ဦးမျိုးဇော်ထွေးနဲ့ကျွန်မဟာ လွန်ခဲ့တဲ့ လေးလခန့်ကစပြီး ခင်မင်ခဲ့တယ်လို့သာ ဆိုခဲ့တာကို ရဲစခန်းကစစ်ချက်ထဲမှာ လွန်ခဲ့တဲ့လေးလထဲက သမီးရည်းစားဖြစ်ခဲ့တယ်လို့ သုံးထားပါတယ် ရှေ့မှာကျွန်မလိုပဲ အမျိုးသမီးကောငး်လေးတွေ ကလေးမလေးတွေ ဖျက်ဆီးခံခဲ့ရတာတွေလည်း ရှိပါတယ်” လို့ကျုးလွန်ခံရသူ အသက် ၂၈ နှစ်အရွယ် မနီနီလွင်က ပြောပါတယ်။
မနီနီလွင်က သူမတိုင်မီကျုးလွန်ခံခဲ့ရတဲ့ ကောင်မလေးတွေရဲ့ပုံကို ဦးမျိုးဇော်ထွေးရဲ့ဖုန်းထဲမှတစ်ဆင့် ကူးယူခဲ့ပြီး သူမကိုယ်တိုင်လည်း အဲဒီကောင်မလေးတွေနဲ့ အပြင်မှာတွေ့ဆုံခဲ့ပြီးပြီလို့ ပြောပါတယ်။ လက်ရှိအခြေအနေမှာ ဦးမျိုးဇော်ထွေးဆိုသူကို ပခုက္ကူမြို့မရဲစခန်းမှာ မုဒိန်းမှု ၃၇၆ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Author ဝင်းနန္ဒာ
Powered by Blogger.