လူသိများပြီး Follower ၁၉ သိန်းကျော်တောင်ရှိတဲ့ ဖေ့ခ်ဘွတ် ဆယ်လီ နှင်းဟေမာန်စိုး

 မြန်မာ့လူမှုကွန်ယက် ဖေ့ခ်ဘွတ် စာမျက်နှာပေါ်မှာ Follower ၁၉ သိန်းကျော်ရှိတဲ့ နှင်းဟေမာန်စိုး အမည်ရ အကောင့်သည် သူမ၏ သာမာန် ဓါတ်ပုံများကို တင်ပြီး Like အများဆုံး ကွန်မန်းအများဆုံး ရရှိခဲ့သော မသိတဲ့သူရှားပါးပြီး လူသိများ လူကြည့်အများဆုံး ဆယ်လီ ဖြစ်ခဲ့ပါတယ်။ 
 နှင်းဟေမာန်စိုးဆိုတဲ့ ကောင်မလေးတစ်ယောက် အကောင့်ပါ။ Follower က ၁၉ သိန်းကျော်ရှိခဲ့ပါတယ်။ သူ့ပုံတစ်ပုံတင်လိုက်ရင် Like က 100K နဲ့ 200K ကြားမှာရှိနေခြင်းပါ။ လူသိများတဲ့ ဖေ့ဘုတ် ဆယ်လီတွေ မင်းသားမင်းသမီးတွေတောင် အဲဒီလောက် မရှိခဲ့ကြပါဘူး။ ရုပ်ရည်ကလည်း ထူးထူးခြားခြား လှပနေတာမျိုးမဟုတ်သလို တင်တဲ့ပို့စ်တွေတိုင်းဟာလဲ သာမာန် လှလားတို့ တစ်ယောက်တည်းပျင်းလို့တို့ စတဲ့ သာမာန်မိန်းကလေးတိုင်း ရေးနေကျ ပို့စ်တွေကိုပဲ တင်နေခဲ့ခြင်း ဖြစ်ပါတယ်။
 ဘာကြောင့် အဲဒီလောက် ပရိတ်သတ်များနေတာလဲဆိုတာကတော့ စဉ်းစားစရာ တစ်ခု ဖြစ်လာသလို ဗဟုသုတရစရာတွေ ရေးနေသူလည်းမဟုတ်ခဲ့ပါ။ ဟိုဖော်ဒီဖော်ပုံတွေ တင်နေသူလည်းမဟုတ်ခဲ့သလို သူမသည် မော်ဒယ်လဲမဟုတ် စဆရက လဲမဟုတ် တကယ့် သာမန်မိန်းကလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ Digital Marketing ပညာရပ် လေ့လာနေသူများ သူ့ဆီက ယူတတ်ရင် တစ်ခုခုတော့ ရလိမ့်မယ် ထင်ပါတယ်။
 ဘော်ဘော်တို့ရေ ဖေ့ခ်ဘွတ် လောကကြီးက တယ်လဲ ဆန်းပြားလှသကိုး။

MCNews
အရင်းအမြစ်: နှင်းဟေမာန်စိုး FB
Powered by Blogger.